နေပြည်တော်စည်ပင်ရိပ်သာမှ ရွေးကောက်ခံပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား နေရပ်ပြန်လိုပါက ပြန်နိုင်ကြောင်း တပ်မတော်၊ ရဲတပ်ဖွဲ့တာဝန်ရှိသူများ လိုက်လံကြေညာ
နေပြည်တော်စည်ပင်ရိပ်သာမှ ရွေးကောက်ခံပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို နေရပ်ကို ပြန်လိုရင် ပြန်နိုင်တယ်ဆိုပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့၊ညနေပိုင်းက တပ်မတော်နဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက လိုက်လံကြေညာနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေထံက သိရပါတယ်။