မန္တလေးနှင့်ပြည်မြို့ အစိုးရဆေးရုံများမှ လက်ထောက်ဆရာဝန်များ အာဏာသိမ်းခြင်းအား ဆန့်ကျင်သည့် ဆန္ဒသဘောထား ထုတ်ပြန် ချက်များ လူမှုကွန်ယက်တွင် ပျံ့နှံ့
မန္တလေးမှဆေးရုံကြီးများဖြစ်သော ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေးကုတင် ၃၀၀ ဆံ့ ကလေးဆေးရုံနှင့် ကုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံကြီး၊ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်ဆရာဝန်တွေဟာ အာဏာသိမ်းခြင်းအား ဆန့်ကျင်သည့်ဆန္ဒသဘောထားများ ထုတ်ပြန်မှုကို ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်ခဲ့တာကို လူမှုကွန်ယက်စာမျက်နှာတွေမှာတွေ့ရပါတယ်။