ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ်ရပ်တည်သွားမည်ဟု SNLD ပါတီထုတ်ပြန်
ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ်ရပ်တည်သွားမှာဖြစ်ပြီး မှန်မှန်ကန်ကန်တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားတာတွေကို အသိအမှတ်ပြုလက်ခံဖို့ အင်အားကြီး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီက ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။