ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးက၂၀၂၀မဲစာရင်းများနှင့် မဲလက်မှတ်များထားသည့် အခန်းအားလုံးကိုချိတ်ပိတ်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးက၂၀၂၀မဲစာရင်းများနှင့် မဲလက်မှတ်များထားသည့် အခန်းအားလုံးကိုချိတ်ပိတ်
Published 3 February 2021

 ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေထံမှာထိန်းသိမ်းထားရှိတဲ့ ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာအသုံးပြုခဲ့တဲ့မဲစာရင်းတွေ၊မဲလက်မှတ်တွေနဲ့ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများထားရှိတဲ့အခန်းတွေအားလုံးကိုဖေဖေါ်ဝါရီလ ၃ရက်နေ့လယ်ပိုင်းမှာရဲတပ်ဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများမှ ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။