ပြည်သူများ ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအား စိုးရိမ်မှုမရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထုတ်ပြန်
ကျပ် ၁၀၀၀၀ တန်များ ဖျက်သိမ်းမယ်ဆိုတဲ့ ကောလဟလများထွက်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်မှာ ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုမရှိဘဲ ယုံကြည်စိတ်ချစွာနဲ့ ဆက်လက်သုံးစွဲနိုင်ပါကြောင်းနဲ့ ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ်များကိုလည်း ညွှန်ကြားပြီးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။