မြန်မာ့ပြောင်းဆန်များထိုင်းနိုင်ငံဘက်သို့အခွန်ကင်းလွတ်ခွင့်ဖြင့်စတင်ပို့ဆောင်သည့်နေ့တွင် တန်ချိန်၃၀၀၀ကျော်ပို့ဆောင်ခဲ့

မြန်မာ့ပြောင်းဆန်များထိုင်းနိုင်ငံဘက်သို့အခွန်ကင်းလွတ်ခွင့်ဖြင့်စတင်ပို့ဆောင်သည့်နေ့တွင် တန်ချိန်၃၀၀၀ကျော်ပို့ဆောင်ခဲ့
Published 3 February 2021

 မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကနေတဆင့်ထိုင်းနိုင်ငံဘက်ကို မြန်မာလယ်ယာထွက်ကုန်ပြောင်းဆန်တွေကို အခွန်ကင်းလွတ်ခွင့်နဲ့ စတင်ပို့ဆောင်ခွင့်ရတဲ့ ဖေဖော်ဝါရီလ (၁)နေ့မှာ တပ်မတော်က နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီး အင်တာနက်လိုင်းတွေ ခေတ္တပြတ်တောက်ခဲ့ပေမယ့် ပြောင်းတန်ချိန် ၃၀၀၀ ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။