အာဏာလွှဲပြောင်းရယူခဲ့သည့် တပ်မတော်ကို အသိအမှတ်ပြု၊မပြု အဖွဲ့ဝင် ၁၉၀ နိုင်ငံက ဆုံးဖြတ်မည်ဟု IMF ပြောရေးဆိုခွင့်ရှိသူ ပြောကြား
မြန်မာနိုင်ငံမှာ အာဏာလွှဲပြောင်းရယူခဲ့တဲ့ တပ်မတော်ကို အသိအမှတ်ပြု၊ မပြု ဆုံးဖြတ်ရာမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ IMF ပြောရေးဆိုခွင့်ရှိသူ ဂယ်ရီရိုက်က ပြောကြားခဲ့ပါတယ်။