အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ကြေးနီမိုင်းအလုပ်သမားများ လက်ပတ်နီပတ်၍ ကန့်ကွက်ဆန္ဒထုတ်ဖော် 

အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ကြေးနီမိုင်းအလုပ်သမားများ လက်ပတ်နီပတ်၍ ကန့်ကွက်ဆန္ဒထုတ်ဖော် 
Published 5 February 2021

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်အတွင်းရှိ ကြေးနီမိုင်းအလုပ်သမားများ ဖေဖော်ဝါရီလ ၅ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေဖြင့် လက်ပတ်နီပတ်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။