NLD ဗဟိုအလုပ်မှုဆောင် အစည်းအဝေးသို့ တိုင်ကြားစာများတွင် အလုပ်မှုဆောင်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်ကြား မညီညွတ်ခြင်း၊ အုပ်စုကွဲခြင်းများ အများစုပါဝင်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးသို့ တိုင်ကြားစာပေါင်း(၁၂)စောင် တင်ပြခဲ့ပြီး အလုပ်မှုဆောင်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်အကြား မညီညွတ်မှု၊ အုပ်စုကွဲမှုနဲ့ လုပ်ထုံးလုပ်နည်း မညီညွတ်မှုတွေကို တိုင်ကြားမှု အများဆုံးဖြစ်တယ်လို့ NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဇန်နဝါရီ၁၃ရက်နေ့က ပြောကြား ခဲ့ပါတယ်။