■ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နိုင်ရန် ရနိုင်သောနည်းလမ်းများဖြင့် အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများကို NLD ပါတီတောင်းဆို
■ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းလိုက်ပြီး အစိုးရဖွဲ့စည်းခြင်းအပါအဝင် ပြည်ထောင်စုလွှတ်တော်၏ လုပ်ပိုင်ခွင့်အ၀၀ကို တာဝန်ခံသွားမည်ဟု ကြေညာ
■ လွှတ်တော်ကိုယ်စားလှယ်အသိအမှတ်ပြုလွှာများသည် ရွေးကောက်ပွဲဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ်ကာလအတွင်း အကျိုးသက်ရောက်မှုမရှိကြောင်း အသစ်ဖွဲ့စည်းထားသည့် UEC ကြေညာ
■ တပ်မတော်မှ အာဏာသိမ်းယူမှုကို ဆန့်ကျင်ကြောင်းသံပုံးတီးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သော မန္တလေးမြို့မှ ပြည်သူခြောက်ဦးကို ထောင်ဒဏ် ခုနစ်ရက်ချမှတ်
■ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို COVID-19 ကာကွယ်ဆေးထိုးနှံ
■ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးခေါ်ယူနိုင်ရန် အင်ဒိုနီးရှားနဲ့မလေးရှားကြိုးပမ်းနေ