DR ကွန်ဂိုအရှေ့ပိုင်းတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်အသစ် တွေ့ရှိ
DR ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း ဘူတမ်ဘိုမြို့ကြီးအနီးမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်အသစ်ကို တွေ့ရှိရတယ်လို့ ဖေဖော်ဝါရီ ၇ ရက်မှာ DR ကွန်ဂို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။