နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်တစ်ဦးပါရန် သဘောတူညီခဲ့ခြင်းသည် ပါတီ CEC အားလုံး၏ သဘောထားမဟုတ်ဘဲ အများစု၏သဘောထားသာ ဖြစ်ဟုဆို
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်တစ်ဦး ပါဝင်ဖို့ သဘောတူညီခဲ့ခြင်းမှာ ပါတီဗဟိုအလုပ်အမှုဆောင် အားလုံးရဲ့ သဘောထားမဟုတ်ဘဲ ပါတီဗဟိုအလုပ်အမှုဆောင်အများစု၏ သဘောထားသာ ဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။