မူဆယ်မြို့တွင် တတိယနေ့အဖြစ် ဌာနေတိုင်းရင်းသားများနှင့် အစိုးရဝန်ထမ်းအင်အားတစ်သိန်းနီးပါး ဆန္ဒထုတ်ဖော်ခဲ့
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က တတိယမြောက်နေ့အဖြစ် ဒေသဌာနေ တိုင်းရင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သစ်တောဝန်ထမ်းတွေနဲ့ အခြားဝန်ထမ်းအချို့ပါဝင်တဲ့ လူထုနှစ်ဖွဲ့က သပိတ်စစ်ကြောင်းနှစ်ကြောင်းနဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီက ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။