လူမှုကွန်ရက်မှာ လူမျိုးရေးခွဲခြားမှုတွေ ပြန်လည်ပြင်းထန်လာပြီးနောက် ဘောလုံးလောကရဲ့ လူမျိုးရေးခွဲခြားမှုတွေ ရပ်တန့်သင့်ပြီ ဆိုတဲ့ တောင်းဆိုသံဟာ ခပ်ကျယ်ကျယ်ထွက်ပေါ် လာပြန်ပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ပရီးမီးယားလိဂ်ပွဲတွေဆီ လူမျိုးရေးခွဲခြားမှုအရိပ် မည်းပြန်လည်ဆိုက်ကပ်လာတာပါပဲ။
ရပ်ရှ်ဖို့ဒ်၊ တွမ်ဇီဘီ၊ မာစီယဲလ်၊ ရူဒီဂါ၊ ရစ္စဂျိမ်းစ်၊ အိုဒွိုင်းအစရှိတဲ့ကစားသမားတွေ လူမျိုးရေးခွဲခြားခံခဲ့ရတယ်။ လူမျိုးရေးခွဲခြားမှုဟာ ခေတ်ပေါ်အနာဖြစ်လာပြီး ကာကွယ်ဆေးမရှိတဲ့ကပ်ဘေးလို ဖြစ်လာတာ ဝမ်းနည်းစရာကောင်းပါတယ်။