“ ဦးခေါင်းကျည်ဆံမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင်အခြေအနေပြန်ကောင်းရန် ၁၀၀ မှာ ၅ ရာခိုင်နှုန်းပဲ မျှော်လင့်လို့ရတယ်”

“ ဦးခေါင်းကျည်ဆံမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင်အခြေအနေပြန်ကောင်းရန် ၁၀၀ မှာ ၅ ရာခိုင်နှုန်းပဲ မျှော်လင့်လို့ရတယ်”
Published 10 February 2021

ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာ ဆန္ဒပြ လူထုကို ရဲတပ်ဖွဲ့က နည်းလမ်းမျိုးစုံနဲ့ လူစုခွဲမှုများ ပြုလုပ်ခဲ့ပြီးနောက် သေနတ် ပစ်ဖောက် လူစုခွဲခဲ့ရာမှ အသက် ၁၉ နှစ်ရှိ မမြသွဲ့သွဲ့ခိုင်ရဲ့ ဆိုင်ကယ်ဦးထုပ်ကို ကျည်ဆံဖောက်ဝင်ခဲ့ရာ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

မမြသွဲ့သွဲခိုင်ရဲ့ ကျန်းမာရေးအခြေအနေမှာ ပြန်ကောင်းဖို့ ၁၀၀ မှာ ၅ ရာခိုင်နှုန်းသာ မျှော်လင့်ချက်ရှိတယ်လို့ သူမရဲ့ အမအရင်းဖြစ်သူ က အခုလိုဖြေကြားထားပါတယ်။