တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ဆန္ဒပြပွဲတွင် ဝန်ထမ်းများပိုမိုပါဝင်လာ
တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝှမ်း ဆက်တိုက် ပြုလုပ်နေပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဆန္ဒပြပွဲမှာ ဆောက်လုပ်ရေးဦးစီးဌာန ဝန်ထမ်းအချို့၊ ပညာရေးဝန်ထမ်းတွေနဲ့ အင်ဂျင်နီယာထောင်ချီက ဆန္ဒပြပွဲမှာ ပါဝင်လာတယ်လို့သိရပါတယ်။