မွန်၊ ကရင်၊ ပအိုဝ်းလူငယ်များ"အာဏာရှင်ဟူသမျှ တော်လှန်ကြ" ခေါင်းစဉ်ဖြင့်ဆန္ဒဖေါ်ထုတ်

မွန်၊ ကရင်၊ ပအိုဝ်းလူငယ်များ"အာဏာရှင်ဟူသမျှ တော်လှန်ကြ" ခေါင်းစဉ်ဖြင့်ဆန္ဒဖေါ်ထုတ်
Published 11 February 2021

မွန်၊ ကရင်၊ ပအိုဝ်းလူငယ်များပေါင်းစည်းကာ "အာဏာရှင်ဟူသမျှ တော်လှန်ကြ" ခေါင်းစဉ်ဖြင့် လှုပ်ရှားမှုပြုလုပ်ကာ ဆန္ဒဖေါ်ထုတ်

မွန်၊ ကရင်၊ ပအိုဝ်းလူငယ်တွေ ပေါင်းစည်းပြီး ဖေဖေါ်ဝါရီလ (၁၁) ရက် နံနက် (၉) နာရီအချိန်က စတင်ကာ "အာဏာရှင်ဟူသမျှ တော်လှန်ကြ"ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုပြုလုပ်ကာ မော်လမြိုင်မြို့အတွင်း ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။