ဆော်ဒီမှ အိမ်ပြေးဆယ်ကျော်သက်အမျိုးသမီးကို ကနေဒါနိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ပြီး ကနေဒါနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် လေဆိပ်တွင် လာရောက်ကြိုဆို
မိသားစုရဲ့နှိပ်စက်မှုကြောင့်ဆိုကာ အိမ်ကနေထွက်ပြေးလာခဲ့တဲ့ ဆော်ဒီနိုင်ငံမှ အိမ်ပြေးဆယ်ကျော်သက်အမျိုးသမီးကို ကနေဒါနိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ပြီး ကနေဒါနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။