မော်လမြိုင်တွင် ဆန္ဒပြသူများအား သေနတ်ပစ်ဖောက်ကာ ဖြိုခွဲဖမ်းဆီး

မော်လမြိုင်တွင် ဆန္ဒပြသူများအား သေနတ်ပစ်ဖောက်ကာ ဖြိုခွဲဖမ်းဆီး
Published 12 February 2021

မော်လမြိုင်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂသပိတ်စစ်ကြောင်းနှင့် ဆန္ဒပြသူများအား သေနတ်ပစ်ဖောက်ကာ ဖြိုခွဲဖမ်းဆီး

မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မော်လမြိုင်မြို့ တောင်ဝိုင်းရပ် မော်လမြိုင်တက္ကသိုလ်အနီးမှာ ဖေဖေါ်လရီ (၁၂) ရက် နံက်ပိုင်းက ဖြိုခွဲကာ ဖမ်းဆီးမှုတွေပြုခဲ့ကြောင်း သိရပါတယ်။