ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဒေါက်တာအေးမောင် ပြောဆိုချက်

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဒေါက်တာအေးမောင် ပြောဆိုချက်
Published 12 February 2021

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဒေါက်တာအေးမောင် ပြောဆိုချက်

“အခြေအနေပေးခဲ့လို့ရှိရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရော ၊ ဒီဘက်က NLD ရော ကြားထဲမှာ ညှိနှိုင်းပေးနိုင်ဖို့ စိတ်ထဲမှာရှိပါတယ်”

■ ဒေါက်တာအေးမောင်

ဒေါက်တာအေးမောင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ရန်ကုန်အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက် လာခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်သစ္စာဖောက် ပုန်ကန်မှုပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် (၂) နှစ်ကို ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်က စစ်တွေခရိုင် တရားရုံးက ဒေါက်တာအေးမောင်ကို အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။