ဦးခေါင်းကျည်ထိမှန်ခဲ့သူ မမြသွဲ့သွဲ့ခိုင် ဆေးပညာအရ သေဆုံးသွားပြီဟု ဆရာဝန်မှ အတည်ပြုပြောကြား
နေပြည်တော်မှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့သူ မိန်းကလေးဟာ Brain Dead ဖြစ်သွားပြီလို့ သိရပြီး ဆေးပညာအရ သေဆုံးသွားပြီလို့ ကုတင် ၁၀၀၀ ဆေးရုံးကြီးမှ ဆရာဝန်တစ်ဦးက ဖေဖော်ဝါရီ ၁၂ရက် ညနေပိုင်းမှာ အတည်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။