မော်လမြိုင်မြို့တွင် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များပဋိပက္ခဖြစ်ခဲ့ပြီး သေနတ်ပစ်ဖောက်လူစုခွဲ
ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြသူ အချို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မော်လမြိုင်မြို့ တောင်ဝိုင်းရပ် မော်လမြိုင်တက္ကသိုလ်အနီးမှာ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေကို ပြန်လည်လွှတ်ပေးဖို့ ညှိနှိုင်းမှု အခြေအနေ၊ ပဋိပက္ခဖြစ်ခဲ့တဲ့အခြေအေနနဲ့ပတ်သက်ပြီး သတင်းလိုက်လံရယူနေတဲ့ Eleven Media Group ရဲ့ မော်လမြိုင်အခြေစိုက်သတင်းထောက်က သတင်းပေးပို့ထားပါတယ်။