ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း) သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင် ခြင်း ဒီမိုကရေစီနှင့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေး သားမှု၊ သတင်းဖော်ပြမှုအပေါ် အဟန့်အတားဖြစ်စေခြင်းကြောင့် ပြဌာန်းရန် မသင့်ကြောင်း သတင်းမီဒီယာ ကောင်စီ ထုတ်ပြန်
ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း) ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေ ခြင်း၊ သတင်းမီဒီယာဥပဒေမှာပါရှိတဲ့ ဒီမိုကရေစီနှင့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားမှု၊ သတင်း ဖော်ပြမှုတို့အပေါ်အဟန့်အတားဖြစ်စေခြင်းတို့ကြောင့် အဆိုပါဥပဒေ(မူကြမ်း) ကို ပြဌာန်းရန် မသင့်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) က ဖေဖော်ဝါရီ ၁၃ ရက်က သဘောထားထုတ်ပြန်ခဲ့ပါတယ်။