မန္တလေးဘူတာကြီးအနီးတွင် ညအချိန်ပစ်ခတ်ခဲ့မှုကြောင့် လူမှုကူညီရေးအသင်းကားနှင့် လူအချို့ထိခိုက်ပျက်စီ

မန္တလေးဘူတာကြီးအနီးတွင် ညအချိန်ပစ်ခတ်ခဲ့မှုကြောင့် လူမှုကူညီရေးအသင်းကားနှင့် လူအချို့ထိခိုက်ပျက်စီ
Published 18 February 2021

မန္တလေးဘူတာကြီးအနီးတွင် လုံခြုံရေးတပ်ဖွဲ့မှ ညအချိန်ပစ်ခတ်ခဲ့မှုကြောင့် လူမှုကူညီရေးအသင်းကား သေနတ်ထိမှန်ပျက်စီးခဲ့ပြီး လူအချို့ထိခိုက်ဒဏ်ရာများရရှိ

မန္တလေးဘူတာကြီးမှ ရထားထွက်ခွာမယ့်သတင်းကြောင့် ရထားလမ်းပိတ်ဆို့ ဆန္ဒပြမှုများပြုလုပ်ခဲ့တဲ့ ရထားလမ်းတစ်လျောက်ရှိ ဝန်ထမ်းလိုင်းခန်းများရှိ‌‌တဲ့နေရာမှာ ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းက လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အနီးရှိ လူမှုကူညီရေးအသင်းကား သေနတ်ထိမှန်ပျက်စီးသွားခဲ့ပြီး လူအချို့ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။