ရခိုင်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင် စစ်တွေမြို့သို့ရောက်ရှိ၊ ရခိုင်ပြည်သူပေါင်းမြောက်များစွာလာရောက်ကြို ဆိုခဲ့
NLD အစိုးရလက်ထက်မှာ နိုင်ငံတော်ပုန်ကန်မှုအပါအဝင် နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ နှစ်ရှည်ထောင်ဒါဏ် ချမှတ်ခံထားရတဲ့ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်ဟာ မကြာခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ စစ်တွေမြို့သို့ရောက်ရှိလာခဲ့ရာ ရခိုင်ပြည်သူ ပေါင်းမြောက်များစွာက လာရောက်ကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။