မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ဆန္ဒပြမှုတွင်ပါဝင်သူတစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုဆိုကာ မူဆယ်မြို့မရဲစခန်းရှေ့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ဆန္ဒပြမှုတွင်ပါဝင်သူတစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုဆိုကာ မူဆယ်မြို့မရဲစခန်းရှေ့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့
Published 18 February 2021

မြန်မာ တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပြုလုပ်ရာ မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် မိုင်းယုကျေးရွာ မူဆယ် လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းမှ စတင်ပြီး တပ်မတော်ကအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ရာ အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ စောဘဦး (ခ) စိုးမြင့်ဦးကို အရပ်ဝတ်တွေနဲ့ လူတစ်စုက  ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ဆိုကာ ယနေ့ နေ့လည် ၂ နာရီအချိန်ခန့်က မူဆယ်မြို့မရဲစခန်းရှေ့မှာ လူစုလူဝေးဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။