လီဗာပူးလ်အစစ်ကို ပြန်လည်ခံစားရခြင်း (Sports Feature)

လီဗာပူးလ်အစစ်ကို ပြန်လည်ခံစားရခြင်း (Sports Feature)
Published 18 February 2021

လီဗာပူးလ်အစစ်ကို ပြန်လည်ခံစားရခြင်း (Sports Feature)

လိုက်ပ်ဇစ်ကို ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပထမအကျော့မှာ အနိုင်ယူပြီး ယာဂန်ကလော့ပ်က ဖိအားတချို့ ခါထုတ်လိုက်တယ်။ လိုက်ပ်ဇစ်အောင်ပွဲဟာ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်အနာဂတ်ခရီးအတွက် အခွင့်အရေးကောင်းသက်သက်မဟုတ်ဘူး။ ယာဂန်ကလော့ပ်ရဲ့ ပြန်လည်တည်ထောင်ရေးကာလအတွက် အရေးကြီးတဲ့အောင်ပွဲပါပဲ။ စုစည်းညီညွတ်ပြီး အောင်ပွဲတွေဆာလောင်နေပုံရတဲ့ လီဗာပူးလ်ကို မြင်လိုက်ရတာ၊ ပရီးမီးယားလိဂ် (၃)ပွဲဆက်အရှုံးနဲ့ နာကျင်ရပြီးနောက် လီဗာပူးလ်အစစ်ကို ပြန်မြင်လိုက်ရတာ၊ မူလလက်ဟောင်း လီဗာပူးလ်ကို လိုက်ပ်ဇစ်နဲ့ပွဲကစတင်ပြီး ယာဂန်ကလော့ပ် အသက်ပြန်သွင်းလိုက်ပြီ။

Most Viewed

Most Recent