ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်
နေပြည်တော်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းသေနတ်ဒဏ်ရာ ရရှိခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်၏ ရုပ်အလောင်းကို ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်မှ ရင်ခွဲရုံသို့ ဒီကနေ့ ၁၁ နာရီ ၃၀ မိနစ် မှာ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။