မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မဖဲဝါ ပုံစံ ပါဖောမန့်ပြုလုပ်သူ လူငယ်နှစ်ဦး ဖမ်းဆီးခံရ
ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လူထုဆန္ဒဖော်ထုတ်ခြင်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြရာမှာ မဖဲဝါ ပုံစံ ပါဖောမန့်ပြုလုပ်သူ လူငယ် ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။