မမြသွဲ့သွဲ့ခိုင်ကို ကွေ့ကြီးသုဿန်တွင် သင်္ဂြိုလ်ရာ သောင်းချီရှိသောဒေသခံများ ပို့ဆောင်

မမြသွဲ့သွဲ့ခိုင်ကို ကွေ့ကြီးသုဿန်တွင် သင်္ဂြိုလ်ရာ သောင်းချီရှိသောဒေသခံများ ပို့ဆောင်
Published 21 February 2021

ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့သည့် မမြသွဲ့သွဲ့ခိုင်ကို နေပြည်တော် ကွေ့ကြီးသုဿန်တွင် သင်္ဂြိုလ်ရာ သောင်းချီရှိသောဒေသခံများလိုက်ပါပို့ဆောင်

ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာ တပ်မတော်အာဏာသိမ်းမှုကို အလိုမရှိကြောင်းဆန္ဒပြသူတွေ ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီးသေဆုံးသွားခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို နေပြည်တော် ကွေ့ကြီးသုဿန်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက ်မနက်ပိုင်းက သင်္ဂြိုလ်ရာ သောင်းချီရှိတဲ့ဒေသခံတွေက လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။