သီပေါမြို့ရှိရွှေဆိုင်တစ်ဆိုင်ကိုသေနတ်ကိုင်ဆောင်ထားသူနှစ်ဦးသေနတ်ပြကာလုယက်မှုဖြစ်ပွားခဲ့
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ ဈေးတောင်ဘက်တန်းမှာရှိတဲ့ ရီရှင်းရွှေဆိုင်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ပိုင်းက အမည်မသိလူနှစ်ဦးက သေနတ်ကိုင်ဆောင်ပြီး လာရောက်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။