တက္ကဆက်ပြည်နယ်အတွက် သဘာဝဘေးအခြေအနေ ကြေညာမှုကို သမ္မတ ဂျိုးဘိုင်ဒန် အတည်ပြု
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဆောင်းရာသီမုန်တိုင်း ဝင်ရောက်ခဲ့မှုကြောင့် လူ နှစ်ဒါဇင်ထက်မနည်း သေဆုံးပြီး ပြည်နယ်တစ်ဝန်း ဓာတ်အားပြတ်တောက်မှုနဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ သမ္မတဂျိုးဘိုင်ဒန်က အကြီးစား သဘာဝဘေးအခြေအနေအဖြစ် အတည်ပြု ကြေညာခဲ့တယ်လို့ သိရပါတယ်။