၂ငါးလုံးလူထုအားလုံးဆန္ဒထုတ်ဖော်သည့်ဖေဖော်ဝါရီ ၂၂ရက်တွင်ရန်ကုန်မြို့ပြည်သူသိန်းနှင့်ချီကာဆန္ဒထုတ်ဖော်

၂ငါးလုံးလူထုအားလုံးဆန္ဒထုတ်ဖော်သည့်ဖေဖော်ဝါရီ ၂၂ရက်တွင်ရန်ကုန်မြို့ပြည်သူသိန်းနှင့်ချီကာဆန္ဒထုတ်ဖော်
Published 22 February 2021

၂ ငါးလုံး လူထုအားလုံးဆန္ဒထုတ်ဖော်သည့် ဖေဖော်ဝါရီ ၂၂ရက်တွင် တပ်မတော်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ရန်ကုန်မြို့တွင် ပြည်သူလူထု သိန်းနှင့်ချီကာ စုဝေးဆန္ဒထုတ်ဖော် 

စီးပွားရေးမြို့တော်ရန်ကုန်မြို့မှာ ၂ ငါးလုံး ပြည်သူလူထုအားလုံးပါဝင်ဆန္ဒထုတ်ဖော်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက်က တပ်မတော်အာဏာသိမ်းမှုကိုအလိုမရှိကြောင်း ပြည်သူလူထု သိန်းနဲ့ချီကာ ဆူးလေ၊ လှည်းတန်း၊ မြေနီကုန်း၊ UN ရုံး၊ တရုတ်သံရုံးစတဲ့ နေရာတွေမှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပြီး လမ်းမတလျှောက်မှာ ယာဉ်များ၊ ဆန္ဒပြသူတွေနဲ့ ပြည်နှက်နေတာ တွေ့ရပါတယ်။