မန္တလေးပစ်ခတ်မှုဖြစ်စဉ်များတွင် ပရဟိတယာဉ်များကိုပါပစ်ခတ်မှုကိုရှုတ်ချသည့်အနေဖြင့် ကျည်ထိမှန်ခဲ့သည့် နိဗ္ဗာန်ယာဉ်အား သဂြိုဟ်ခြင်းအဖြစ် ပရဟိအသင်းများဆန္ဒထုတ်ဖော်
မန္တလေးမြို့မှာ လူထုဆန္ဒထုတ်ဖော်မှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ဖြစ်စဉ်တွေအတွင်း ပရဟိတ အသင်း ယာဉ်တွေကိုပါ ပစ်ခတ်တဲ့လုပ်ရပ်တွေကို ရှုတ်ချတဲ့အနေနဲ့ ကျည်ထိမှန်ခဲ့တဲ့ နိဗ္ဗာန်ယာဉ်ကို သဂြိုဟ်ခြင်းအဖြစ် မန္တလေး မြို့ ပရဟိတအသင်းတွေက ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။