မြောင်းမြနှင့်ပခုက္ကူမြို့တို့တွင် တပ်မတော်ထောက်ခံပွဲများ ပြုလုပ်ခဲ့ရာ မြို့ခံများမှ သံပုံးတီးကန့်ကွက်မှုများပြုလုပ်
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မြောင်းမြမြို့နဲ့ပခုက္ကူမြို့တွေမှာ တပ်မတော်ထောက်ခံပွဲတွေပြုလုပ်ခဲ့ရာ ပြည်သူတွေက သံပုံးတီး ကန့်ကွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ မြောင်းမြမြို့မှာ ဖေဖော်ဝါရီလ၂၃ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ အများဆုံးပါဝင်တဲ့ တပ်မတော်ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြပြီးလမ်းတလျှောက်မှာ ပြည်သူတွေက သံပုံးတွေ တီးခဲ့ကြတယ်လို့သိရပါတယ်။