နှင်းမုန်တိုင်းကျချိန် ဓာတ်အားပြတ်တောက်ခဲ့သဖြင့် တက္ကဆက်ပြည်နယ် ဓာတ်အားပေးလုပ်ငန်းကထိပ်တန်း တာဝန်ရှိသူများ နုတ်ထွက်
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ပြင်းထန်တဲ့ဆောင်းမုန်တိုင်းကျရောက်ချိန် လျှပ်စစ်ဓာတ်အားဖြတ်တောက်တဲ့ အတွက်ဝေဖန်ခံခဲ့ရပြီးနောက် တက္ကဆက် ဓာတ်အားပေးလုပ်ငန်းရဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းကအရာရှိတွေ ဟာ ဖေဖော်ဝါရီ ၂၃ ရက်မှာအသီးသီး နုတ်ထွက်သွားခဲ့ကြပါတယ်။