နေပြည်တော် ပျဉ်းမနားမြို့တွင် ပညာရေးဝန်ထမ်းများ ဦးဆောင်သည့် ရာနှင့်ချီသော ဒေသခံပြည်သူများက ဆန္ဒပြခဲ့

နေပြည်တော် ပျဉ်းမနားမြို့တွင် ပညာရေးဝန်ထမ်းများ ဦးဆောင်သည့် ရာနှင့်ချီသော ဒေသခံပြည်သူများက ဆန္ဒပြခဲ့
Published 24 February 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ပညာရေးဝန်ထမ်းများဦးဆောင်တဲ့ ရာနှင့်ချီရှိတဲ့ ဒေသခံပြည်သူများက ''ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး''၊ ''CDM မှာ ပါဝင်ရေး ဒို့အရေး ဒို့အရေး'' စသည့်ကြွေးကြော်သံများကို ကြွေးကြော်၍ မြို့အတွင်းသို့ လမ်းလျှောက်လည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။