■ လူထုဆန္ဒပြမှုအားကောင်းခဲ့သည့် ရန်ကုန်မြို့ရှိ သံရုံးများရှေ့တွင် လုံခြုံရေးအင်အားအများအပြားဖြင့် ပိတ်ဆို့တားဆီးမှုများရှိသော်လည်း ဆန္ဒပြသူများက ဆက်လက်ဆန္ဒပြခဲ့
■ မြန်မာအရေးဆွေးနွေးရန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံသို့ ရောက်ရှိ
■ မူဆယ်မြို့၌ လက်နက်ကိုင်ဆောင်ထားသောလူတစ်စုက တရုတ် - မြန်မာနယ်စပ်အနီး နေရာ သုံးနေရာတွင် လာရောက်ပစ်ခတ်ခဲ့ရာ မြို့လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့
■ နေပြည်တော် ပျဉ်းမနားမြို့တွင် ပညာရေးဝန်ထမ်းများ ဦးဆောင်သည့် ရာနှင့်ချီသော ဒေသခံပြည်သူများက ဆန္ဒပြခဲ့
စတဲ့ သတင်းတွေပါဝင်ပါတယ်။