မြန်မာနိုင်ငံတွင်မူလအခြေအနေအမြန်ဆုံးပြန်ဖြစ်ရန် မျှော်လင့်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
တပ်မတော်ကခန့်တဲ့မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးရာမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန် ပရာမူဒွင်နိုင်က မြန်မာနိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေးကိုထိုင်းကဆက်လက်အားပေးနေမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာမူလအခြေအနေအမြန်ဆုံးပြန်ဖြစ်လာတာကိုမြင်တွေ့လိုကြောင်းနဲ့အဲဒါဟာအာဆီယံအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ဆန္ဒဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ThaniSaengratကပြောပါတယ်။