ဆန္ဒပြမှု ၂၀ ရက်မြောက်နေ့တွင် မြို့အချို့တွင်သက်ဆိုင်ရာက တားဆီး၊ ဖမ်းဆီးမှုရှိခဲ့ပေမယ့် ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်

ဆန္ဒပြမှု ၂၀ ရက်မြောက်နေ့တွင် မြို့အချို့တွင်သက်ဆိုင်ရာက တားဆီး၊ ဖမ်းဆီးမှုရှိခဲ့ပေမယ့် ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်
Published 26 February 2021

တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်မှုအဖြစ် နိုင်ငံအနှံဆန္ဒထုတ်ဖော်လျက်ရှိပြီး ဆန္ဒပြမှု ၂၀ ရက်မြောက်နေ့ ဖေဖော်ဝါရီ၂၅ရက်မှာ မြိတ်မြို့မှာ ဆန္ဒပြမှုမပြုလုပ်မီ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူ လေးဦးကိုဖမ်းဆီးမှုရှိခဲ့သလို မြဝတီမြို့မှာတော့ ဆန္ဒပြမှုလူစုဝေးနေချိန် တာဝန်ရှိသူက အချို့က လာရောက်သတိပေးမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာဆက်လက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။