စစ်တွေမြို့လယ်တွင် စရဖတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ လူငယ်လေးဦးအား အမှုစွဲတင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ရှိ ဝင်္ကဘာကွင်းမှာစစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး လူငယ်လေးဦးကို ဇန်နဝါရီလ ၁၄ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှာ အမှုစွဲတင်လိုက်တယ်လို့ သိရပါတယ်။