ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်
■ မြန်မာ့မီးရထားမှ ဝန်ထမ်းများ ရန်ကုန်ဘူတာကြီးမှ စတင်ကာ ဆန္ဒထုတ်ဖော်
■ COVID-19 တွေ့ရှိနှုန်း တစ်ရာခိုင်နှုန်းအောက် ရောက်ရှိလာပြီး ပြီးခဲ့သည့် ဆယ်ရက်အတွင်း သေဆုံးလူနာ ၂၂ ဦး ရှိခဲ့၍ လက်ရှိ သေဆုံးလူနာ ၃၁၉၂ ဦးရှိ
■ မြစ်ကြီးနားမြို့တွင် ဆန္ဒဖော်ထုတ်မှုကို ဖြိုခွင်းခံရပြီး သံဃာတစ်ပါးနှင့် လူတစ်ဦး ဖမ်းဆီးခံရ
■ ပြည်မြို့တွင် ပြည်နည်းပညာတက္ကသိုလ်သမဂ္ဂ ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးကို လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွား
■ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့ကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ဗြိတိန်အစိုးရ ထုတ်ပြန်
■ မြန်မာလူငယ်များက အရှုံးပေးနောက်ပြန်လှည့်မှာ မဟုတ်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော
အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။