ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါ တပ်မတော်ခေါင်းဆောင်ခြောက်ဦးကို ဗြိတိန်ကပိတ်ဆို့အရေးယူ
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်ရာမှာ တာဝန်ရှိသူတွေလို့ဆိုကာ တပ်မတော်ခေါင်းဆောင် နောက်ထပ်ခြောက်ဦးကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မယ့်စာရင်းထဲ ထည့်လိုက်ပါတယ်။ အဲဒီခြောက်ဦးထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင်ပါတယ်။