ဆီးရီးယားရှိ အီရန်ကျောထောက်နောက်ခံပြုထားသော စစ်သွေးကြွများကို အမေရိကန်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်
အီရတ်မှာရှိတဲ့ အမေရိကန်ပစ်မှတ်တွေ ရော့ကတ်နဲ့တိုက်ခိုက်မှုခံရတာကို ပစ်မှတ်ထားတုံ့ပြန်မှုတစ်ရပ် အဖြစ် အီရန်ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွတွေပိုင်ဆိုင်တဲ့ ဆီးရီးယားအရှေ့ပိုင်းက အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့ ဖေဖော်ဝါရီ၂၅ရက်နေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကညွှန်ကြားခဲ့ပါတယ်။