မြိတ်မြို့တွင် ဆန္ဒပြသူများအားရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးမှုများရှိခဲ့

မြိတ်မြို့တွင် ဆန္ဒပြသူများအားရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးမှုများရှိခဲ့
Published 27 February 2021

မြိတ်မြို့တွင် ဆန္ဒပြသူများအားရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးမှုများရှိခဲ့ပြီး မီးလောင်မှုနှစ်ကြိမ် ဖြစ်ပွားကာမီးကွင်းပစ်သူဟုယူဆရသူအချို့ ဖမ်းဆီးရမိခဲ့

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးမှု များပြုလုပ်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။