ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတွင် CRPH ၏ သဘောထားအား ကိုယ်စားပြုပြောကြားခဲ့
ဖေဖော်ဝါရီ ၂၆ ရက်နေ့က နယူးယောက်မြို့ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သဘောထားကို ပြောကြားခြင်း မပြုဘဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)ရဲ့ သဘောထားတွေကို ကိုယ်စားပြုပြောကြားခဲ့ပါတယ်။