ဖားကန့်မြို့ရှိ NLD ပါတီဝင်တစ်ဦးကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားများက နေအိမ်သို့ လာရောက်ဖမ်းဆီး
ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ မရှီကထောင်အုပ်စု ၊ အောင်မြေကွက်သစ် (စည်ပင်) ရပ်ကွက်မှာ နေထိုင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေက ညနေ (၄) နာရီခွဲခန့် အချိန်မှာ နေထိုင်ရာအိမ်ကိုရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံရသူရဲ့ ဇနီးဖြစ်သူရဲ့ ပြောကြားချက်အရ သိရပါတယ်။