CRPH အနေဖြင့် ဆောင်ရွက်နေခြင်းသည် ဥပဒေနဲ့ ညီညွတ်ခြင်းမရှိ

CRPH အနေဖြင့် ဆောင်ရွက်နေခြင်းသည် ဥပဒေနဲ့ ညီညွတ်ခြင်းမရှိ
Published 28 February 2021

CRPH အနေဖြင့် ဆောင်ရွက်နေခြင်းသည် ဥပဒေနဲ့ ညီညွတ်ခြင်းမရှိသည့်အပြင် ကြီးလေးသည့် ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထုတ်ပြန်

 

လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရား ဝင်ရပ်တည်ပိုင်ခွင့်မရှိသေးသူများက CRPH အနေဖြင့် ကော်မတီဆောင်ရွက်နေခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့်အပြင် ကြီးလေးသည့် ရာဇဝတ်မှုကို ကျူးလွန်ရာ ရောက် ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူသွား မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထုတ်ပြန်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်း ကထုတ်လွှင့်သော MRTV သတင်းအစီ အစဉ် ၏ ကြေညာချက်အရ သိရသည်။