ဖေဖော်ဝါရီ ၂၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် မန္တလေး၊ မော်လမြိုင် ၊ ပခုက္ကူမြို့တို့တွင် သေဆုံးခဲ့သူ သုံးဦး၏ နာရေးအသီးသီးကို မြို့ခံအများအပြား ပို့ဆောင်ခဲ့ကြ
ဖေဖော်ဝါရီ (၂၈) ရက်က ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်း သေနတ်ဒဏ်ရာနဲ့ သေ ဆုံးသွားခဲ့တဲ့ မော်လမြိုင်မြို့ကမောင်ဇင်မျိုးသူ၊ သေနတ်ကျည်ထိမှန်ပြီးသေဆုံးခဲ့တဲ့ ပခုက္ကူမြို့က ကိုနေလင်းဦး၊ ဦးခေါင်းကျည် ဆန် မှန်သေဆုံးခဲ့တဲ့ မန္တလေးမြို့က ဒေါ်ဒေစီတို့ရဲ့ နာရေးအသီးသီးကို ဒီနေ့ မတ်လ ၁ ရက် မှာ သက်ဆိုင်ရာမြို့တွေမှာ ပြုလုပ် ခဲ့ရာ မြို့ခံအများအပြားက ပို့ဆောင်ခဲ့ကြပါတယ်။