မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အတွက် တာဝန်ရှိသူများကို ရက်ပိုင်းအတွင်း ထပ်မံ အရေးယူသွားမည်ဟု အမေရိကန်အစိုးရ သတိပေး
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို လာမယ့်ရက်ပိုင်းအတွင်း နောက်ထပ် အရေးယူတာတွေလုပ်ဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေတယ်လို့ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။